Events
“30th Asia Trade Promotion Forum (ATPF) Working Level Meeting” အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တက်ရောက်
Updated At: 2022-07-27 13:29:01

“30th Asia Trade Promotion Forum (ATPF)၏ Working Level Meeting” အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်း၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ၊ ညွှန်ကြားရေးမှူးနှင့် ဘာသာရပ်ဆိုင်ရာ အရာရှိများ ပါဝင်တက်ရောက်ခဲ့ပါသည်။
ယခုကျင်းပသည့် အစည်းအဝေးသည် ATPF အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ လုပ်ဆောင်ချက်များအား မြှင့်တင်နိုင်ရန်နှင့် Covid- 19 ကာလအလွန်တွင် ဆောင်ရွက်နေသည့် ကုန်သွယ်မှုမြှင့်တင်ရေးကိစ္စရပ်များအား မျှဝေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံအပါအဝင် အာရှဒေသမှ ATPF အဖွဲ့ဝင်နိုင်ငံပေါင်း (၂၁)နိုင်ငံမှ ကိုယ်စားလှယ်(၅၀) ဦးကျော် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းများဖြစ်သည့် JETRO၊ MATRADE ၊ TWTC တို့မှ သက်ဆိုင်ရာခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ “New Initiatives After Covid-19 In Myanmar” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ “(၃၅) ကြိမ်မြောက် ATPF CEO Meeting” အား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
(ငယ်ငယ်ထွန်း၊ ကုန်သွယ်မြှင့်)
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025